မိုင်းယန်း ဇွန် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ပေးအပ်ပွဲအခမ်းအနားကို ဇွန် ၂၅ ရက် နေ့လယ် ၂ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ထားသည့် အခြေခံပညာအထက်တန်းကျောင်းရှိ အသက် (၁၀) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လိုအပ်သည့် အထောက်အထားအချက်အလက်များ ဖြည့်စွက်ကာ ဇီဝဆိုင်ရာ အချက်အလက်များစိစစ် ကောက်ယူခြင်း လုပ်ထုံလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးခဲ့ပြီး မိုင်းယန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်နိုင်အေးနှင့် ဝန်ထမ်းများတို့မှ လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး