သုံးခွ ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အသိပညာ ပေးဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ကျေးရွာ အုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်က ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ပြည်သူများအား အုပ်ချုပ်ရေးမှူး ရွေးချယ်မှု လုပ်ငန်းစဉ်များ၊ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ခြင်း၊ ကျေးရွာတာဝန်ခံ ရွေးချယ်ခြင်းနှင့် ရွေးချယ်ပွဲများ ပြုလုပ်ရာ တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် ပတ်သက်၍ သိမှတ် ဖွယ်ရာ လက်ကမ်းစာစောင်များအား ကျေးရွာနေပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ အသိပညာပေးဆွေးနွေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအုပ်စု (၆)အုပ်စု များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသော သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်