ပြည်သူများ မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး စည်ပင်သာယာလမ်းမကြီးအား လမ်းဘေး ဝဲ၊ယာ တိုးချဲ့ခြင်းဆောင်ရွက်

တွံတေး ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အဝင်စည်ပင်သာယာလမ်းအား လုပ်သားပြည်သူများ၊  မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွာလာနိုင်ရေး စည်ပင်သာယာလမ်းမကြီးအား လမ်းဘေးဝဲယာ တိုးချဲ့ဆောင်ရွက်နေမှုကို တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက အဆိုပါလမ်းတွင် ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့ကြောင်းသိရသည်။

အဆိုပါလမ်းမကြီးကို မြို့အဝင် ငါးခုမ္မစမ်းတံတားမှစ၍ လမ်းဘေး ဝဲ/ယာကို တစ်ဘက်လျှင် ယာဉ်နှစ်စီးနှုန်း သွားလာနိုင်စေရန်အတွက် တစ်ဘက်ကို ၁၀ ပေ တိုးချဲ့ခြင်း ဆောင်ရွက်နေမှုကို တိုင်းဒေသကြီး  လွတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဦးတင်ဝင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်မင်းထွန်း ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးကာ အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းများမြန်မြန်ဆောင်ရွက်ရေးနှင့်မြို့အဝင်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)