နောင်တရား ဇွန် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူးရုံး၌ မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသက်ဆေးဥပဒေရှင်းလင်းပွဲကို ဇွန် ၂၄ ရက်နေ့မွန်းလွဲ ၂ နာရီတွင် ပြုလုပ်သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးကျော်စိုးသူက မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသက်ဆေးဥပဒေရှင်းလင်းပွဲပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်ကို ပြောသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်စန်းဝင်းက မြေဩဇာဥပဒေများအကြောင်းကိုလည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးချိုချိုစိုးက ပိုးသက်ဆေးဥပဒေနှင့် ကိုင်တွယ်အသုံးပြုနည်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။ အခမ်းအနားသို့ တက်ရောက်လာကြသည့် မြေဩဇာနှင့် ပိုးသက်ဆေးအရောင်းဆိုင်များမှတာဝန်ခံများက ဥပဒေအကြောင်းအရာနှင့်ပက်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
နောင်တရား(ပြန်/ဆက်)