ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ သမ္မာန်ဆိပ်များ ကွင်းဆင်းစစ်ဆေး

ကြည့်မြင်တိုင် ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည်မြင်တိုင်မြို့နယ်တွင် ယမန်နေ့နံနက် ၈ နာရီအချိန်က ဗားကရာသမ္မာန်ဆိပ်နှင့် ကျောက်တံတားသမ္မာန်ဆိပ်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါသမ္မာန်ဆိပ်များ စစ်ဆေးရာသို့ အလုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က သမ္မာန်များ လိုင်စင်စည်းကမ်းများနှင့်အညီ စနစ်တကျပြေးဆွဲရေး၊ သတ်မှတ်ဦးရေထက် ခရီးသည်ပိုမိုတင်ဆောင်မှုမရှိစေရေး၊ သမ္မာန်များပေါ်၌ Life Jacket များ လုံလောက်စွာထားရှိရန်နှင့် Life Jacket များ စနစ်တကျ ဝတ်ဆင်ရေး၊ ခရီးသည်အတက်အဆင်း အန္တရာယ်ကင်းရှင်းစေရေးအတွက် သမ္မာန်ဆိပ်များ၌ စနစ်တကျ ဆိုက်ကပ်ရန်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)