ဗဟန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ရှိပြီးသူများအား UID ကတ် ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန် ဇွန် ၂၆

အစိုးရသစ်၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ဗဟန်းမြို့နယ်ရှိ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ရှိပြီးသူများအား UID ကတ် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဗဟန်းမြို့နယ် အ.လ.က (၃) ကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ဗဟန်းမြို့နယ်ဦးစီးမှူး (လဝက) ဦးခင်မောင်သန်းနှင့် ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ရှိပြီးသူများအား UID ကတ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီတင်နှင့် ဒေါ်ခိုင်စုရည်ဇော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေ၊ ကမာရွတ်ခရိုင်ဦးစီးမှူး (လဝက) ဦးမင်းနောင်၊ ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းတို့မှ လာရောက်အားပေးခဲ့ပြီး ကျောင်းသား ကျောင်းသူ (၃၈) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ဆောင်ရွက်ထုတ်ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)