ပျော်ဘွယ် ဇွန် ၂၆
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများထံ ဇွန် ၂၅ ရက် နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် မီးရှိဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါး အမျိုးအစားနှင့်ပမာဏ၊ မူးယစ်ဆေးဝါးအုပ်စု ၅ မျိူး၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ စာရေးဆရာ မင်းသန်းနိုင်(မုဒုံ) ရေးသားသည့် “ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်”ကဗျာနှင့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ဆောင်ပုဒ်တို့ ဖော်ပြထားကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)