ပုဇွန်တောင်မြို့နယ်၌ ရက်(၁၀၀)စီမံချက် မဟာဗန္ဓုလလမ်းတစ်လျှောက် (ဗိုလ်မြတ်ထွန်းလမ်းနှင့် စန္ဒကူးလမ်းကြား)ရှိ အမြင်မတင့်တယ်‌သော Wi-Fi ကြိုးနှင့် လျှပ်စစ်မီးကြိုးများ စနစ်တကျရှိစေရေး ဆောင်ရွက်

ပုဇွန်တောင် ဇွန် ၂၆

အစိုးရသစ် ရက်(၁၀၀)စီမံချက်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း အမြင်မတင့်တယ်သော ဆက်သွယ်ရေး WiFi ကြိုးများနှင့် လျှပ်စစ်မီးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန် ၂၁ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ မဟာဗန္ဓုလလမ်းတစ်လျှောက်(ဗိုလ်မြတ်ထွန်းလမ်းနှင့် စန္ဒကူးလမ်းကြား) ဆက်သွယ်ရေးတိုင်များ၊ လျှပ်စစ်ဓာတ်တိုင်များပေါ်တွင် သွယ်တန်းထားသည့် လမ်းဘေးဝဲယာရှိ ဆက်သွယ်ရေး WiFi  ကြိုးများနှင့်လျှပ်စစ်မီးကြိုးများ စနစ်တကျဖြစ်စေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် WiFi Company ဝန်ထမ်းများပူးပေါင်း၍ ရှင်းလင်းဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။

ဟန်စုယဉ်