ပြည်ကြီးတံခွန်မြို့နယ် အမှတ် (၃၂)အခြေခံပညာအထက်တန်း ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး

ပြည်ကြီးတံခွန်    ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၃၂) အခြေခံပညာအထက်တန်းကျောင်း၌ ဇွန် ၂၅ ရက် မွန်းလွဲ ၁ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပသည်။

ဟောပြောပွဲတွင် ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က “စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် စာပေ၏အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဟောပြောသည်။ ယင်းနောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်စန်းစန်းအေးက အားကစားသင်တန်းများ ဝါသနာပါပြီး တက်ရောက်လိုသည့်  ကျောင်းသား/ကျောင်းသူများကို ဖိတ်ခေါ်ခြင်း၊ အားကစား သင်တန်းများ တက်ရောက်ရာတွင် အပတ်စဉ် ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေနေ့များတွင် ညနေ ၅ နာရီက စတင်၍ အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် အားကစားနည်းများအကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများကလည်း သိရှိလိုသည်များကို  မေးမြန်းခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)