ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာန၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြမှုဆောင်ရွက်

ပုဇွန်တောင် ဇွန် ၂

န်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးဆောင်ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်း ကို ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်က အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တ ဥက္ကဋ္ဌ ဦးကျော်စွာဝင့်နှင့်အဖွဲ့ဝင် များသည် ပုဇွန်တောင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ကြိုတင်ကာကွယ် နိုင်ရန်၊ ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရန် သဘာဘေးအန္တရာယ်နှင့် စပ်လျဥ်း၍ သဘာဝ‌ ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက် နိုင်ရေးအတွက် ရှာဖွေကယ် ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ လူ၊ ယာဉ်/စက်များ ကြိုတင်ပြင်ဆင်စုဖွဲ့ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှာဖွေကယ်ဆယ်ရေးအတွက် လိုအပ်မည့် စက်ပစ္စည်းကိရိယာများ၊ ရှာဖွေ ရေး လုပ်ငန်းသုံးယာဉ်များအား အသုံးပြုမှုအခြေအနေများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 ပုဇွန်တောင်မြို့နယ်တွင် သဘာဝဘေးကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက် ပျက်စီးမှုများ ရှိလာနိုင်ခြင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူ အများ ထိခိုက်ဆုံးရှုံးမှု မရှိစေရေး၊ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး အသိပညာပေးခြင်းနှင့် စုရပ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန် နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သန်းဌေး ဦးဆောင်သည့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊  ပရဟိတအဖွဲ့ များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၄၅) ဦးဖြင့် အသင့်စု‌အဖွဲ့မှ အသင့် စုဖွဲ့ပြီး ကယ်ဆယ်ရေးလေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရှာဖွေကယ်ဆယ်ရေး အတွက် လိုအပ်မည့်စက်ပစ္စည်းကိရိယာများ၊ ရှာဖွေရေးလုပ်ငန်းသုံးယာဉ်များ၊ အသက်ကယ် Speed Boat စက်သုံးဆီ၊ အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဘောကွင်း၊ အသက်ကယ်ကြိုးများ အစရှိသည်များဖြင့် အသင့်ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဟန်စုယဉ်