ကြံခင်းမြို့နယ်၊ ရှောက်ခုံကျေးရွာတွင် မြေဆီခုံကျေးလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှပ်နှံပွဲ ကျင်းပ

ကြံခင်း ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရှောက်ခုံကျေးရွာတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုး‌မြေမြှပ်နှံခြင်းကို ဇွန် ၂၄ ရက် နေ့လယ်ပိုင်းက တောင်သူဦးဝင်းဇော် လယ်မြေ၌ပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ကြသည်။

အဆိုပါ ရှောက်ခုံကျေးရွာရှိ တောင်သူ ဦးဝင်းဇော်၏ ကွင်းအမှတ် ၁၄၆၊ ဦးပိုင် ၃၀/၂၊ ဧရိယာ ၅ ဧကလယ်မြေတွင် သစ်စိမ်းမြေဩ​ဇာ (ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ခြင်းကို မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က ကြည့်ရှုအားပေးကြကာ တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က  သစ်စိမ်းမြေသြဇာထည့်သွင်းခြင်းဖြင့် ရရှိနိုင်သည့်အကျိုး ကျေးဇူးများ၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) နှစ်စဉ်ထည့်သွင်းခြင်းအားဖြင့် သွင်းအားစုများလျှော့ချသုံးစွဲနိုင်ခြင်း စသည့်နည်းပညာများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့သို့ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအာဟာရ ပိုမို‌ကောင်းမွန်စေ​ခြင်း၊ သီးနှံများအထွက်နှုန်းတိုးစေ​​ခြင်းနှင့် ကုန်ကျစရိတ်နည်းစေကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)