မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအဖြေရရှိမှု ထုတ်ပြန်

မော်လမြိုင် ဇန်နဝါရီ ၂၂

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့၌ ဓာတ်ခွဲအဖြေရရှိမှု ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၆၅) ဦးရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့သို့ စစ်ဆေးရာတွင် (၂၀.၁.၂၁) ရက်နေ့နှင့် (၂၁.၁.၂၁) ရက်နေ့တွင် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၌ အသွားအလာကန့်သတ်ထားရှိသူများ၊ နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူများ၊ အထွေထွေရောဂါကုဆေးရုံကြီး ပြင်ပလူနာဌာနတွင်စစ်ဆေးခဲ့သူများ စုစုပေါင်း(၁၄၉၁)ဦးကို  RDT  Test Kit  ဖြင့်စစ်ဆေးခြင်း နှင့်ပြည််သူ့ကျန်းမာရေး  ဓာတ်ခွဲမှု ဆိုင်ရာဌာန စစ်ဆေးမှုအရ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ( ၆၅) ဦး ရှိပြီး ပိုးတွေ့ရှိသူများသည် မွန်ပြည်နယ်အတွင်း နေထိုင်သူများဖြစ်ကြောင်းသိရသည်။

မွန်ပြည်နယ်တွင် (၂၁.၁.၂၁)ရက်နေ့အထိ ကိုဗစ်-၁၉ စစ်ဆေးခဲ့သည့်ဓာတ်ခွဲနမူနာ (၁၄၆၇၁၀)ဦး ရှိပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း(၃၂၂၃)ဦး ဆေးရုံဆင်းခွင့်ရရှိသူ(၂၇၈၂)ဦး သေဆုံးသူလူနာ(၃၅)ရှိကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထား သည်။

ပြည်နယ် (ပြန်/ဆက်)