ကာလိ ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ပေါ်(၆)ရပ်ကွက်မှ၊ အမှတ်(၁)နှင့်အမှတ်(၄)ရပ်ကွက်တို့၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် များ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့(၅)ဦး ရွေးချယ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်တွင် နမ့်ခုံးရှမ်းများ ပရဟိတခန်းမ၌ လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်တွင် “တင်းလီ”ဈေးသစ်၌လည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။
အမှတ်(၁)နှင့်အမှတ်(၄)ရပ်ကွက် ကြီးကြပ်ရေးအဖွဲ့(၅)ဦးရွေးချယ်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ရှေးဦးစွာ ကွန်ဟိန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကူအညီပေးရေး အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ကွန်ဟိန်းမြို့နယ် ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်တို့က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်ချက်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပုံအဆင့်ဆင့်နှင့် သတ်မှတ်အရည်အချင်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ အကူအညီပေးရေးအဖွဲ့တို့က ကြီးကြပ်ရေး အဖွဲ့(၅)ဦး ရွေးချယ်ခြင်း၊ ကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင်ရွေးချယ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါဆောင်ရွက်မှုတွင် အမှတ်(၁)ရပ်ကွက်၌ ကွန်ဟိန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကူအညီပေးရေးအဖွဲ့ဖြစ်သည့် ကွန်ဟိန်းမြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်၊ မြို့နယ်အိမ်တွင်းမှု အသက်မွေးလုပ်ငန်းပညာရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်နန်းငွေလှ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုဦးစီးမှူး ဒေါ်ဥမ္မာသိင်္ဂီမြင့်နှင့် အကြီးတန်းလက်နှိပ်စက် ဒေါ်သဲမာအောင်၊ အမှတ်(၄)ရပ်ကွက်တွင် ကွန်ဟိန်းမြို့နယ် ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်ကြွေကြွေခင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ဆူး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာထိန်မင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်လွင်၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆန်းထွေးတို့က တက်ရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)