ဒဂုံမြောက် ဇန်နဝါရီ ၂၂
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးအရေးယူခြင်း လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ (၄၂)ရပ်ကွက်၊ ဗိုလ်မင်းရောင် စျေးတွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်ဌာန ဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူး များပါဝင်သော ပူးပေါင်းအဖွဲ့မှ ပါးစပ်နှာခေါင်းစည်း (mask) များအား လမ်းသွား လမ်းလာများ၊ ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ဈေးများတွင် လိုက်လံဝေငှခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရန်အတွက် Mask Campaign များနှင့် စစ်ဆေး အရေးယူခြင်းများအား နေ့စဉ်ဆောင်ရွက်၍ အသိပညာပေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခင်ယုမွန်(ပြန်/ဆက်)