ပြင်ဦးလွင် ဇွန် ၂၅
၂၀၂၆ခုနှစ် ဇူလိုင်လ၃ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက်၁၀နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ထိုသို့ ကျင်းပရာတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများမှ အထက်တန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၆၀ဦး တို့က “ရင်ဘောင်တန်းလို့ ရှေ့ကိုဆက် အမျိုးသမီးများ၏ စွမ်းဆောင်လက်”၊ “ဘဝများစွာတိုးတက်ရေး အမျိုးသမီးများကစွမ်းဆောင်ပေး” စသည့်ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား မြန်မာအမျိုးသမီးများနေ့အထိမ်း အမှတ်အခမ်းအနား၌ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)