ကျောက်ဆည်တက္ကသိုလ် ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

စဉ့်ကိုင် ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကျောက်ဆည်တက္ကသိုလ် ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ပင်မဆောင်၌ ပြုလုပ်သည်။

ထိုသို့ စုပေါင်းသွေးလှူဒါန်းရာတွင် မန္တလေး အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ‌ဒေါက်တာ ဆန်းလွင်ဦးနှင့် အထူးကုဆရာဝန်ကြီးများ ဦးဆောင်သောအဖွဲ့က ကျောက်ဆည်တက္ကသိုလ်မှ စု‌ပေါင်း သွေးလှူဒါန်းကြသူများအား  ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့ကာ  သွေးအလှူရှင် ၁၁၉ ဦးကို အားဆေးများ၊ ကြက်ဥနှင့် အာဟာရဖြည့်စွက်စာများပေးအပ်ခဲ့ကြောင်းနှင့် မန္တလေးအထွေထွေ ရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီးက စုပေါင်းသွေးလှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)