ရမည်းသင်းမြို့နယ်၌မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော်အခမ်းအနား ကျင်းပ

ရမည်းသင်း  ဇွန်  ၂၅

မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်သစ်တောဦးစီးဌာနမှဦးဆောင်၍ သဘာဝပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေးနှင့် သာယာလှပမှုရရှိစေရေးအတွက် ၂၀၂၆ခုနှစ်၊ လူထုလုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော် အခမ်းအနားကို ဇွန်၂၅ရက်​ နံနက် ၈နာရီက သီလဝဂေါက်ကွင်းအတွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က အမှာစကားပြောကြားပြီး "သစ်တောသစ်ပင် ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်"နှင့် "ပူနွေးကမ္ဘာ၊ တားဆီးရာ၊ ဖြေရှာတစ်ခု၊တောပြုစု" စသည့်ဆော​င်ပုဒ် နှင့်အညီ သစ်တော၊ သစ်ပင်များ ထိန်းသိမ်းဆောင်ရွှက်ကြရန် လိုအပ်ပါကြောင်းနှင့် သဘာဝပတ်ဝန်းကျင်စိန်းလမ်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးရေး ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းတို့က မဟော်ဂနီပင်နှင့်တမာပင်များကို တက်ရောက်လာသည့် ဒေသခံပြည်သူများထံပေးအပ်သည်။

ထို့နောက် ခရိုင်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာအသီးသီးမှ ဝန်းထမ်းများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း အင်အားလူဦးရေ ၁၂၀ ဖြင့် တမာ၊ မယ်ဇလီ၊ စိန်ပန်း၊ မဟော်ဂနီ၊ သပြေဘူတစသည့် ပျိုးပင်ပေါင်း ၅၀၀ တို့ကို စုပေါင်းပျော်ရွှင်စွာ စိုက်ပျိုးခဲ့ ကြပြီးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က စုပေါင်းပျော်ရွှင်စွာသစ်ပင်စိုက်ပျိုးပေးမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

ဟိန်းပြည့်ဇော် (ရမည်းသင်း)