မတ္တရာမြို့နယ်၌ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲနှင့်လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြ

မတ္တရာ ဇွန် ၂၅

မန္တ‌လေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းလေ့ကျင့်ခြင်းကို ဇွန် ၂၅ ရက် နံနက် ၁၀နာရီက ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတွင်  ဆောင်ရွက်သည်။

အဆိုပါရုံး အစည်းအဝေးခန်းမတွင်  မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းသူမှ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရုံးဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သတိပြုရမည့်အကြောင်းအရာများကို အသိပညာပေးဟောပြောသည်။ ထို့နောက် အရေးပေါ်မီးသတ်ဆေးဘူးအသုံးပြုပြီး မီးငြှိမ်းသတ်ခြင်းနည်းစနစ်ကို ဒု-မီးသတ်ဦးစီးမှူး ဦးသန့်ဇော်ဝင်းမှ လက်တွေ့သရုပ်ပြရှင်းလင်းခဲ့ပြီး အဆိုပါရုံး ဝန်ထမ်းများမှ လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ရုံးအတွင်းရှိ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုများကို လိုက်လံစစ်ဆေးပြီး လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ ကြောင်းသိရသည်။

ရွှေရာသား