မြစ်သားမြို့နယ်၌ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း (ဗဟို-မန္တလေးရုံးခွဲ)မှ တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသမှုဆောင်ရွက်

မြစ်သား ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး အမျိုးသားတီဘီ ရောဂါတိုက်ဖျက်ရေးစီမံကိန်း (ဗဟိုမန္တလေးရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်စိုး ဦးဆောင်သော တီဘီရောဂါကွင်းဆင်းရှာဖွေကုသရေးအဖွဲ့သည်  မြစ်သားမြို့နယ်အတွင်းရှိ ဒါးရဲကောင်းကျေးရွာ၊ ပေါက်မြိုင်ကျေးရွာနှင့် ရစ်ကန် ကျေးလက်ကျန်းမာရေးဌာန (RHC)တို့၌ ဇွန် ၂၂ ရက်မှ ၂၄ ရက်အထိကွင်းဆင်း၍‌ ရှာဖွေကုသမှုဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ကွင်းဆင်းရှာဖွေကုသမှုဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီးအမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း (ဗဟိုမန္တလေးရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်စိုး ဦးဆောင်သောအဖွဲ့နှင့် မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေအောင်စိုးနှင့်ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကူညီ၍ ဒါးရဲကောင်းကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၁၉၀ ကို ရင်ဘတ် ဓာတ်မှန်ရိုက်စစ်ဆေးသူ ၁၆၅ ဦး၊ Gene Xpert ဖြင့် သလိပ်စစ်ဆေးသူ ၃၈ ဦး စစ်ဆေးဆောင်ရွက်နိုင်ခဲ့ပြီး Active TB လူနာ ၂ ဦး‌တွေ့ရှိသဖြင့် Initial Regimen ဖြင့်ကုသမှုပေးခဲ့သည်။ ပေါက်မြိုင်ကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူစုစုပေါင်း ၁၇၉ ဦးကို ရင်ဘတ်ဓာတ်မှန်ရိုက်စစ်ဆေးသူ ၁၅၆ ဦး၊ Gene Xpert ဖြင့်သလိပ်စစ်ဆေးသူ ၄၀ ဦးကို စစ်ဆေးဆောင်ရွက်နိုင်ခဲ့ပြီး Active TB လူနာ ၂ ဦး‌တွေ့ရှိသဖြင့် Initial Regimen ဖြင့်ကုသမှုပေးခဲ့သည်။ ရစ်ကန်ကျေးလက် ကျန်းမာရေးဌာန (RHC) နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူစုစုပေါင်း ၁၄၅ ဦးတို့ကို တီဘီရောဂါလက္ခဏာရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ရင်ဘတ်ဓာတ်မှန်ရိုက်စစ်ဆေးမှု ၁၂၂ ဦး ၊ Gene Xpert ဖြင့်သလိပ်စစ်ဆေးမှု ၃၂ ဦးကို စစ်ဆေးဆောင်ရွက်နိုင်ခဲ့ ပြီး Active TB လူနာ ၂ ဦး တွေ့ရှိသဖြင့် Initial Regimen ဖြင့်ကုသမှုပေးခဲ့ပြီး ဇွန် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် မြို့နယ်အတွင်းရှိကျေးရွာများကို ဆက်လက်ရှာ‌ဖွေကုသ‌ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)