မဟာအောင်မြေမြို့နယ်၌  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပ

မဟာအောင်မြေ ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပသည်။

အဆိုပါ ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီနှင့်ဝန်ထမ်းများကကြီးကြပ်၍ ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတများနှင့် အသိပညာကြွယ်ဝလာစေရန် ရည်ရွယ်ချက်ဖြင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပပေးခဲ့ရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းနှင့်အဖွဲ့များက တက်ရောက်ပြီး ပထမ၊ဒုတိယ၊တတိယဆုနှင့် အထူးဆုများရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း