မုဒုံ ဇန်နဝါရီ ၂၂
မွန်ပြည်နယ် မော်လမြိုင်ခရိုင်မုဒုံမြို့နယ်တွင် ငလျင်ဘေးအန္တရာယ် သရုပ်ပြလေ့ကျင့်မှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့မ (၃) ရပ်ကွက် ပိန္နဲတိုက်ရပ်ရှိ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်း၌ ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ငလျင်ဘေးအန္တရာယ် သရုပ်ပြသခြင်း အခမ်းအနားသို့ မုဒုံမြို့နယ်အုပ်ချုပ် ရေးမှူး ဦးသက်ဇော်ဦး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူ ဝင်းဇော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောစိုးစိုးမြင့်နှင့် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်ဗိုလ် ကျော်တို့ တက်ရောက်ခဲ့ပြီး သရုပ်ပြလေ့ကျင့်မှု အခမ်းအနားတွင် ငလျင်လှုပ်မှုကြောင့် ပြိုကျပျက်စီး နေသော အဆောက် အအုံအတွင်းသို့ ပိတ်မိနေသူများအား မီးသတ်တပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေခြင်း၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ပိတ်မိနေသူများအား ကျန်းမာရေးစောင့်ရှောက် ပေးခြင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ကူညီဆောင်ရွက်ပေးခြင်း ၊ပြိုကျနေသောကွန်ကရစ်တုံးများ၊ ထုတ်တန်းများကြားတွင် ပိတ်မိလူနာများ အားရှာဖွေ ကယ်ဆယ်ခြင်းနှင့် ဘေးလွတ်ရာသို့ ကယ်ဆယ်ဆောင်ရွက်ပေးခြင်း၊ အဆောက်အအုံ အမြင့်ထပ်တွင် ပိတ်မိနေ သူများအား ကယ်ဆယ်နိုင်ရန်အတွက် မီးသတ်လှေကားအသုံးပြု၍ ပြိုကျနေသော အဆောက်အအုံသို့ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သတိလစ်နေသူများ အသက်ကယ်ကြိုး အသုံးပြု၍ ပိတ်မိနေ သူများအား ကယ်ဆယ် ဆောင်ရွက်ခြင်း၊ အထပ်မြင့်အဆောက်အအုံမှ နည်းအမျိုးမျိုးဖြင့် ကယ်ထုတ်သောပိတ်မိ လူနာများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တို့မှရှေးဦးသူနာ ပြုစုနည်းဖြင့်ပြုစုပြီး လိုအပ်ပါက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခြင်းလုပ်ငန်းများကို သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ကြကြောင်း သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)