မိုးညှင်း ဇွန် ၂၅
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ဒေသအတွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီစက် လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက မိုးညှင်းမြို့ စိမ်းရတနာမွန် (တောင်ပိုင်း)ရပ်ကွက်ရှိ “မြတ်သုခ” ဆီစက်လုပ်ငန်းအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မိုးညှင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်မှ ဆက်စပ်ဌာနများဖြစ်ကြသည့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်စားသုံး သူရေးရာဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ် (မိုးညှင်း ဘဏ်ခွဲ)တို့မှတာဝန်ရှိသူများနှင့်အတူ မိုးညှင်းမြို့ စိမ်းရတနာမွန် (တောင်ပိုင်း)ရပ်ကွက်ရှိ မြတ်သုခဆီစက်လုပ်ငန်းအား စစ်ဆေးကြရာ ဆီစက်လုပ်ငန်းရှင် ဦးချစ်ငွေကဆီစက်လုပ်ငန်းများ မြေပြင်တွင် လုပ်ငန်းလည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆီသိုလှောင်ထားရှိမှုအခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့သည်။
ထို့နောက် ၎င်းကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ဆီစက်လုပ်ငန်းရှင်အား အဆိုပါ လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ၎င်းဆီစက်လုပ်ငန်းရှင်က လုပ်ငန်းများ ယခုထက် ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးပြောကြားရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းလုပ်ထုံးလုပ်နည်းများနှင့်အတူ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း