ပုသိမ်ကြီး ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ဆင်ရွာကြီး အခြေခံပညာအထက်တန်းကျောင်း၌ ဇွန် ၂၅ ရက်နံနက် ၁၀ နာရီက ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric (UID) ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ဆောင်ရွက်ရာသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ ခရိုင်လဝကဦးစီးမှူး ဦးမောင်မောင်အေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လဝကဦးစီးမှူး ဦးခင်မောင်ရီနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီး ဦးကျော်ကျော်ဦးနှင့် ဆရာဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်၍ ကျောင်းသားကျောင်းသူ(၁၃၀) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric (UID) ကောက်ယူခြင်း လုပ်ငန်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေရန်ကင်း