စဉ့်ကူးမြို့နယ်တွင် မှိုစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

စဉ့်ကူး ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၌ ‌စိုက်ပျိုးရေးဦးစီးဌာနမှ မှိုစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မှိုစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိတ်ဝင်စားသူပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီး ဒေါ်ခင်ဌေးမြင့်က မှိုစိုက်ပျိုးရာတွင် လိုက်နာရမည့်ဆောင်ရန် ရှောင်ရန်အချက်များနှင့် သိုလှောင်သိမ်းဆည်း ထားသိုနည်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သရုပ်ပြပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးကျော်က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)