မန္တလေး ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သော အခြေခံမော်တော်ဆိုင်ကယ်ထိန်းသိမ်းပြုပြင်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၉ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂လမ်း၊ ၇၃ လမ်းထောင့်ရှိ မန္တလေးလူငယ်သင်တန်းကျောင်း၊ ဘက်စုံသုံးခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဒေါက်တာလှကြွယ်၊ ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇာနည်မောင်နှင့် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီဝင်များ၊ သင်တန်းနည်းပြ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဦးစီးမှူး ဦးဇင်မင်းနှင့် သင်တန်းသား ၂၀ဦး တက်ရောက်ကြသည်။
အခမ်းအနားတွင် လူမှုရေးရာဝန်ကြီးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းနည်းပြ နှစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး လူငယ်သင်တန်းကျာင်းအတွက် အလှူငွေများ လှူဒါန်းသည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းသားများအားသင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ ကြောင်းသိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)