ကျောက်ပန်းတောင်း ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲကို၊ ဇွန် ၂၃ ရက် နေ့ မွန်းလွဲ ၁ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ဟောပြောရာတွင် မူးယစ်ဆေးဝါး၏ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ မူးယစ်ဆေးဝါး အုပ်စု (၅)မျိုးနှင့် ကျောင်းသား လူငယ်များ မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ သိရှိလိုက်နာသင့်သည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောသည်။ ယင်းနောက် ကျောင်းသား/ ကျောင်းသူများက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမအတွင်း ခင်းကျင်းပြသထားသည့် နံရံကပ် စာစောင်များကို ကြည့်ရှုလေ့လာကြရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရှင်းလင်းပြသကြသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲသို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း Grade-10 မှ ကျောင်းသား/ကျောင်းသူ ၅၃ ဦးနှင့် ကြီးကြပ်သူ ဆရာမ ၂ ဦး စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)