ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးထားသော မျိုးစေ့ထုတ်စပါးများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သည် ဆည်ရေသောက်သစနစ်ဖြင့် ဆန်စပါးကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး ဒေသတွင်း စပါးမျိုးစေ့ဖူလုံပိုလျှံရေး ၂၀၂၅-၂၀၂၆ ခုနှစ် နွေရာသီ၌ ရွှေမနော် စပါးမျိုးစေ့ထုတ် (၁၀၀)ဧက စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မျိုးစေ့ထုတ် ရွှေမနော် စပါးများကို အင်တိုင်းကျေးရွာ ကွင်းအမှတ် ၁၄၉ မှ တောင်သူများဖြစ်သော ဦးဆန်းဦး၏ ဦးပိုင်အမှတ်(၁၀၃/၁)တွင် ၅ ဒသမ ၅၀ ဧက၊ ဦးအေးလွင်၏ ဦးပိုင်အမှတ်(၁၀၂/၁)တွင် ၃ ဒသမ ၅၀ ဧက၊ ဦးသောင်းစိန်၏ ဦးပိုင်အမှတ်(၁၀၄/၆)တွင် ၈ ဒသမ ၅၀ ဧက၊ ဦးသိန်းဇော်၏ ဦးပိုင်အမှတ်(၁၂၃/၁)တွင် ၅ ဧက၊ ဦးဖိုးကျော်၏ ဦးပိုင်အမှတ်(၁၁၁)တွင် ၅ ဧက၊ ဦးစိုးဝင်း၏ ဦးပိုင်အမှတ်(၁၀၃/၂)တွင် ၆ ဧက၊ ဒေါ်တုတ်၏ ဦးပိုင်အမှတ်(၁၀၂/၂)တွင် ၄ ဒသမ ၅၀ ဧက၊ ဦးဆန်းကို၏ ဦးပိုင်အမှတ်(၃၂/၁)တွင် ၃ ဒသမ ၅၀ ဧက၊ ဦးစိုးရွှေ၏ ဦးပိုင်အမှတ်(၁၀၃/၁)တွင် ၅ ဒသမ ၅၀ ဧက၊ ဦးထွန်းတင်၏ ဦးပိုင်အမှတ်(၁၃၃)တွင် ၉ ဧက၊ ဦးမြင့်၏ ဦးပိုင်အမှတ်(၁၃၀/၁)တွင် ၈ ဧက၊ ဦးစိုးသူဝင်း၏ ဦးပိုင်အမှတ်(၁၀၁/၁)တွင် ၁၅ ဧက၊ ဦးကျော်ဝင်းစိန်၏ ဦးပိုင်အမှတ်(၁၃၂/၄)တွင် ၁၁ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးစေ့ထုတ်စပါးခင်းများ အောင်မြင်ရေး သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှတောင်သူများနှင့်ပူးပေါင်း၍ မြေပြုပြင်ချိန်၊ စပါးပျိုးထောင်ချိန်မှစ၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)