ကျိုက်ထိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ကျိုက်ထို ဇွန် ၂၅

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေခဲ့သည်။

 အဆိုပါ လက်ကမ်းစာစောင်တွင် အဆိုးကျော့စက်ဝန်းအဆုံး သတ်ဖို့အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့၊ မူးယစ်ဆေးဝါးဆိုသည်မှာ မူးယစ်ဆေးဝါးအုပ်စု(၅)မျိုး၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်အချက်များ၊ ကမ္ဘာ့ပြဿနာမူးယစ်ဆေး တစ်ကမ္ဘာလုံးက တိုက်ဖျက်ပေး စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)