မော်လမြိုင်-ရန်ကုန် လမ်းပိုင်းတွင် ဇူလိုင်(၁)ရက်နေ့မှစတင်ကာ DEMU ရထားတွဲဆိုင်းသစ်ဖြင့် နေ့ချင်းပြန် စတင်ပြေးဆွဲမည်

မော်လမြိုင် ဇွန် ၂၅

မြန်မာ့မီးရထားမှ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် မော်လမြိုင်-ရန်ကုန်လမ်းပိုင်းတွင် ဇူလိုင်လဆန်းမှစတင်ကာ DEMU ရထားတွဲဆိုင်းသစ်ဖြင့် နေ့ချင်းပြန် ခရီးစဉ်သစ်တစ်ခု တိုးချဲ့ပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ စတင်၍ မော်လမြိုင်-ရန်ကုန် လမ်းပိုင်းတွင် ရထားအမှတ် (၈၄) အစုန် DEMU ရထားတွဲဆိုင်းဖြင့် နေ့စဉ် နေ့ချင်းပြန် ပြေးဆွဲပေးသွားမည်ဖြစ်ရာ လမ်းခရီးကြာမြင့်ချိန်မှာ (၆) နာရီခန့်သာ ကြာမြင့်ပြီး လေအေးပေးစနစ် (Air-Con) ပါဝင်သည်။

မော်လမြိုင်ဘူတာမှ နေ့စဉ်မွန်းတည့် (၁၂:၀၀) နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ ညနေ (၆:၀၀) နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကာ ရပ်တန့်မည့်ဘူတာများမှာ ပေါင်၊ သထုံ၊ ကျိုက်ထို၊ သိမ်ဇရပ်၊ ပဲခူး နှင့် တိုးကြောင်ကလေး ဘူတာတို့တွင် ရပ်တန့်ပေးသွားမည် ဖြစ်သည်။

ရထားတွဲဆိုင်းတွင် အထက်တန်း (၂) တွဲနှင့် ပထမတန်း (၄) တွဲ ပါဝင်ဖွဲ့စည်းထားပြီး လက်မှတ်ခနှုန်းထားများမှာ အထက်တန်း တစ်ဦးလျှင် ၂၂,၀၀၀ ကျပ်၊ ပထမတန်း တစ်ဦးလျှင် ၁၆,၀၀၀ ကျပ် ခရီးသည်များအနေဖြင့် ရထားလက်မှတ်များကို Online စနစ်ဖြင့် ortp.railways.gov.mm ဝက်ဘ်ဆိုက်တွင် လွယ်ကူစွာ ဝယ်ယူနိုင်မည် ဖြစ်သည်။

ခရီးစဉ်အလိုက် ကြိုတင်လက်မှတ်ရောင်းချပေးမည့်ရက်များမှာ မော်လမြိုင်-ရန်ကုန် ခရီးစဉ်အပြည့်အတွက်(၇) ရက် ကြိုတင် ဝယ်ယူနိုင်၍ လမ်းခရီးဘူတာများအတွက် (၅) ရက် ကြိုတင် ဝယ်ယူနိုင်ပြီး ခရီးစဉ်များနှင့်ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက မြန်မာ့မီးရထား၏ Hotline ဖုန်းနံပါတ် 1188 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)