လယ်ဝေးမြို့နယ်ရုံး၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲ၊ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ

လယ်ဝေး ဇွန် ၂၄

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ဝင်းမွန်က ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားသည်။ ထို့နောက် အထိမ်းအမှတ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြပြီး ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ရှားရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြသည်။
ထို့နောက် မွန်းလွဲ ၁ နာရီတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆက်လက်ကျင်းပခဲ့ပြီး ဆုရရှိသည့် ကျောင်းသား‌၊ကျောင်းသူများကို ဇွန်လ ၂၅ ရက်နေ့တွင် ဆုများချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)