မောက်မယ်မြို့နယ်၌မိုးစပါးစိုက်တောင်သူများအားသွင်းအားစုပံ့ပိုးပေးအပ်ပွဲအခမ်းအနားကျင်းပ

မောက်မယ် ဇွန် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် နိုင်ငံတော်အစိုးရ၏ရက်(၁၀၀) စီမံချက်အရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်တောင်သူများအား သွင်းအားစု ပံ့ပိုးပေးအပ်ပွဲ  အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးတို့က မိုးစပါးစိုက် တောင်သူများထံသို့  သဘာဝမြေသြဇာအိတ် သွင်းအားစုများ အသီးသီးပေးအပ်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးသော အခြေခံသမဝါယမအသင်းတောင်သူများအား ရှမ်းပြည်နယ် သမဝါယမ အသင်းစုချုပ်မှ ထုတ်လုပ်သော ဗေဒါသဘာဝမြေသြဇာများ ပံ့ပိုးပေးအပ်ခြင်း နှင့်ပတ်သက်၍ သုံးစွဲပုံသုံးစွဲနည်း အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။   

စိုင်းမျိုးသန့်(မောက်မယ်)