ဖားကန့်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား စစ်ဆေး

ဖားကန့် ဇန်နဝါရီ ၂၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်မှ မြစိမ်းရောင်စီမံကိန်းကျေးရွာများ၌ စီမံကိန်း ရန်ပုံငွေဖြင့် ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လာနိုင်မှု၊ အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်မှု၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆောက်ရွက်ထားရှိမှုများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကောင်းညွှန့်သွင်နှင့် စီမံကိန်းတာဝန်ခံများက ယမန်နေ့က စစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဆိုင်းတောင် (ရွာဟောင်း) ကျေးရွာ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းစတင်သည့် ကံဆီးကျေးရွာနှင့် မှော်ရှန်(မျစ်ခရွမ်း) မြစိမ်းရောင်စီမံကိန်းကျေးရွာများကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ကြသည်။

ဖားကန့်ရတနာမြေ၌ ရပ်ကွက်(၆)ခု ကျေးရွာအုပ်စု(၁၅)စုရှိသည့်အနက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိအချိန်ထိ  မြစိမ်းရောင်ကျေးရွာ (၃၇)ရွာကို အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မတည်အကောင်အထည်ဖော် ပေးနိုင်ခဲ့ကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)