နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

နတ်မောက် ဇွန်၂၃

နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ဉာက်ဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း (တမာပင်) ၌ ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါလူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင်၊ ဦးစီးအရာရှိက ကျောင်းသား၊ကျောင်းသူများအား ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် လူငယ်ဆိုသည်မှာ အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားခြင်းဖြစ်သည့်အတွက် လူမှုပတ်ဝန်းကျင် အတွင်း ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံတော်ကို ကာကွယ်တည်ဆောက်နိုင်မည့် စွမ်းရည်ပြည့်ဝသော လူငယ်များပေါ်ထွန်းလာစေရန်အတွက် လူငယ်များအနေဖြင့် လေ့လာသင်ယူခြင်း၊ နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက်နိုင်မည့် လူတော်လူကောင်းများဖြစ်လာစေရန် ကြိုးစားစေချင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

လှဝင်း