ကျောက်ပန်းတောင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး   

ကျောက်ပန်းတောင်း ဇွန် ၂၃

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် ၂၀၂၆-ခုနှစ်၊ အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဇွန် ၂၃ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများတွင် ဖြန့်ဝေပေးသည်။

ဦးစွာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က Grade-8 နှင့် Grade-9 ကျောင်းသား ကျောင်းသူများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို အသိပညာပေးဟောပြောသည်။ ယင်းနောက်  ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးကြသည်။

ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အဆိုပါ သတင်းစကား လက်ကမ်း စာစောင်များကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စောင်ရေ ၁၉၀ ၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် စောင်ရေ ၁၅၀ နှင့် လေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စောင်ရေ ၁၅၀  စုစုပေါင်း စောင်ရေ ၄၉၀ အား ဖြန့်ဝေခြင်းနှင့်အတူ မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)