မွန်ပြည်နယ်အစိုးအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဘီးလင်းမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ဘီးလင်း ဇွန် ၂၃

မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက အမြန်နှုန်းမြှင့်အထူးရထားများ စတင်ပြေးဆွဲတော့မည်ဖြစ်သည့်အတွက် ရန်ကုန်-မော်လမြိုင် ရထားပြေးဆွဲရာ ရထားလမ်းကူးများတွင် ဖြတ်သန်းသွားလာသည့် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးနှင့် တရားမဝင် ရထားလမ်းကူးများ ပိတ်သိမ်းနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးမင်းတင်နှင့် သက်ဆိုင်ရာဌာနအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)