သင်္ဃန်းကျွန်းခရိုင်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဆရာဖြစ်သင်တန်း (TOT) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

သင်္ဃန်းကျွန်း ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဥပဒေရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံးက ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) အား ယနေ့နံနက်ပိုင်းက သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အဖွင့်အမှာစကားပြောကြားပြီး သင်္ဃန်းကျွန်းခရိုင်ဥပဒေရုံး ဥပဒေအရာရှိ ဦးသိန်းမင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းအား သင်တန်းသား၊ သင်တန်းသူ (၈၆) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ဇွန်လ ၂၂ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)