ရန်ကုန် ဇွန် ၂၂
ဥပဒေရေးရာဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် သန်လျင်ခရိုင် သန်လျင်မြို့နယ်နှင့် ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇင်မင်းကိုက အဖွင့်အမှာစကားပြောကြားပြီး သန်လျင်ခရိုင်ဥပဒေအရာရှိ ဒေါ်သန္တာဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ ထို့နောက် သန်လျင်ခရိုင် ဒုတိယခရိုင်ဥပဒေအရာရှိ ဦးချမ်းငြိမ်းလွင်နှင့် သန်လျင်မြို့နယ် ဥပဒေအရာရှိ ဦးအောင်ဇော်ထွန်းတို့က သင်တန်းဆက်လက်ပို့ချခဲ့သည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) သင်တန်းသို့ သန်လျင်နှင့်ကိုကိုးကျွန်းမြို့နယ်တို့မှ သင်တန်းသားသင်တန်းသူ (၄၇) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၅) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ