နမ္မတူမြို့နယ်၌ မန်ပန်၊ နားနကျေးရွာ ကုန်ထုတ်လမ်းနှင့် နမ့်ကန်ကျေးရွာစိမ့်စမ်းရေး သွယ်ယူခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နမ္မတူ     ဇန်နဝါရီ     ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ် (မွမ်းမံ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မန်ပန်၊ နားနကျေးရွာ ကုန်ထုတ်လမ်းနှင့် နမ့်ကန်ကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်း အချိန်က  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းနှင့် ဝန်ထမ်းများက ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် စိန်ပင်ပေါကုမ္ပဏီမှ လုပ်ငန်းလုပ်ကိုင်ခွင့် တင်ဒါအောင်မြင် ခဲ့ကာ ဆောင်ရွက်လျက်ရှိသည့် မန်ပန်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း (/)မိုင်အား ဖောက်လုပ်နေမှု အခြေ အနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကာ သက်ဆိုင်ရာကုမ္ပဏီ တာဝန်ရှိသူများမှ လုပ်ငန်းများဆောင်ရွက်မှု အခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်ဦးစီးမှူးမှ လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး အလေးထား ဆောက်ရွက်သွားရန် စေ့စပ်ညှိနှိုင်း လမ်းညွှန်မှာကြားခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် နိုင်ထွန်းလွင်ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ကာ ဆောင်ရွက်လျက်ရှိသည့် နားနကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ ပေ(၂၀)ကွန်ကရစ်တံတား ဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ကွင်းဆင်းစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

အလားတူ ပြည်ထောင်စု(မွမ်းမံ)ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော နမ့်ကန်ကျေးရွာ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း(/)မိုင် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှားကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ရွှေနမ္မတူကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ကာ ဆောင်ရွက်လျက်ရှိသည့် နမ္မတူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအတွင်း စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ပေ(၄၀၀)အားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း နမ္မတူမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းထံက သိရသည်။

လူမော် (ပြန်/ဆက်)