တာချီလိတ်မြို့၌ အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်သင်တန်းဖွင့်လှစ်

တာချီလိတ် ဇွန် ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှဦးစီးကျင်းပသည့် အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ တာချီလိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်တာဝန်ခံ ဦးသန်းထိုက်က ဒေသတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ငါးမွေးမြူသူများ၏ နည်းပညာကျွမ်းကျင်မှု မြင့်မားလာစေရေး၊ ငါးမျိုးစိတ်များကို စနစ်တကျ သားဖောက်ထုတ်လုပ်နိုင်စေရေး၊ ဝင်ငွေတိုးပွား လာစေရေးနှင့် ဒေသစားနပ်ရိက္ခာဖူလုံမှု အထောက်အကူဖြစ်စေရေးအတွက် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ငါးဆေးထိုးသားဖောက်နည်းစနစ်များကို လက်တွေ့ သရုပ်ပြသခဲ့သည်။

အဆိုပါသင်တန်းသို့ ငါးမွေးမြူရေးလုပ်ငန်း စိတ်ပါဝင်စားသူ၊ ဒေသခံတောင်သူ ၃၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းတွင် ငါးမျိုးစိတ်ရွေးချယ်မွေးမြူခြင်း၊ အစာကျွေးစနစ်များ၊ ငါးရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများနှင့် ငါးဆေးထိုးသားဖောက်နည်းစနစ်များကို ဇွန်လ ၁၉ ရက်မှ ၂၁ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း