ကျောက်မဲမြို့ “လမင်း” စီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၄၅ ဦးကို နိုင်ငံသားကတ်နှင့် UID နေ့ချင်းပြီး ကွင်းဆင်းပြုလုပ်ပေး

ကျောက်မဲ ဇွန် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများ အပြည့်အဝ ရရှိစေရန်အတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့တွင် ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရက်(၁၀၀) “လမင်း” စီမံချက်အရ မြို့နယ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်သောအဖွဲ့သည် ရပ်ကွက်(၈)ရှိ အမက(၁၀) မူလွန်ကျောင်းခန်းမ၌ ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် Biometric (UID) ဇီဝ  အချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာသို့ ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေး‌အေးမြင့်တို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

တာဝန်ရှိသူများက လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြား ပြုလုပ်ပြီးစီးသည့် ကျောင်းသား ၂၀ ဦး၊ ကျောင်းသူ ၂၅ ဦး (စုစုပေါင်း ၄၅ ဦး) ထံသို့ အထောက်အထားများကို လက်ဝယ်အရောက် အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)