ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံသို့ ထွက်ခွာ

ရန်ကုန် ဇွန် ၂၀

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Igor SERGEYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyacheslav Volodin တို့၏ ဖိတ်ကြားချက်အရ 2nd International Forum of the Union State “ Great Heritage Common Future’’ သို့တက်ရောက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှလေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ပြည်သူ့လွှတ်တော်ရုံး တာဝန်ရှိသူများနှင့် ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီမှ တာဝန်ရှိသူများ ပို့ဆောင်နှုတ်ဆက်သည်။

အဆိုပါ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွား​ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)