မိုင်းပျဉ်းမြို့ အထကကျောင်း ‌ခြံစည်းရိုးအုတ်နံရံနှင့် နှစ်တစ်ရာနီးပါးသက်တမ်းရှိ အဆောက်အဦးအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းပျဉ်း ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ‌ခြံစည်းရိုးအုတ်နံရံနှင့် နှစ်တစ်ရာနီးပါးသက်တမ်းရှိ အဆောက်အဦးအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

မိုင်းပျဉ်းမြို့နယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမိုးကျော်တို့က အခြေခံပညာအထက်တန်းကျောင်းရှိ သဘာဝဘေးအန္တရာယ်ဖြစ်သည့် လေမုန်တိုင်းကြောင့် ပြိုကျပျက်စီးခဲ့သည့် ကျောင်းအနောက်ဖက် ခြံစည်းရိုးအုတ်ရံအား ပြုပြင်ရန် ရန်ပုံငွေမကျမီကာလအတွင်း ယာယီကာရံပေးနိုင်ရေးအတွက်လည်းကောင်း၊ ကျောင်းဝန်းအတွင်းရှိ နှစ်ပေါင်း (၁၀၀) သက်တမ်းနီးပါးရှိပြီဖြစ်သည့် သစ်သားဖြင့် ဆောက်လုပ်ထားသော ကျောင်းအုပ်ကြီးနေအိမ်အား လူနေထိုင်ရန်မသင့်တော်သောကြောင့် အန္တရာယ်ရှိအဆောက်အဦးအဖြစ် သတ်မှတ်ပြီး ဖြိုဖျက်နိုင်ရန်အတွက်လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်နှင့် ဆရာ၊ဆရာမများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)