ပင်လုံမြို့ရုံး Community Centre ခန်းမ၌ စာ​ပေချစ်မြတ်နိုးသူ ကျောင်းသူများ Book Club ,Youth  Club အဖွဲ့ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ပင်လုံ ဇွန် ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊ပင်လုံမြို့ရုံး Community Centre ခန်းမတွင်  စာပေချစ်မြတ်နိုးသူ ကျောင်းသားလူငယ်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အိမြတ်နိုးသူက စာဖတ်ဝိုင်းဆောင်ရွက်ပေးရခြင်းမှာ လူငယ်များ စာဖတ်သင့်ကြောင်း၊ စာဖတ်ခြင်းဖြင့် ဗဟုသုတအလိမ္မာတိုးပွားနိုင်​ကြောင်း၊ ကျောင်းသင်ခန်းစာများကို အထောက်အကူပြုကြောင်း၊  စာဖတ်ခြင်းဖြင့် မိမိပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဆက်ဆံ​ရေးရှိကြောင်း၊ စာဖတ်ခြင်းဖြင့် အတွေးအခေါ်များ ထက်မြက်လာနိုင်ကြောင်းကို ရည်ရွယ်၍ ​စာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် လူငယ်နှင့် တာဝန်ယူစိတ်စာအုပ်မှ လူငယ်တွေ ဟက်ဟက်ပက်ပက်ရယ်မောနိုင်ပါစေခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် စာပေချစ်မြတ်နိုးသူ ကျောင်းသားလူငယ်များအဖွဲ့ (Book Club,Youth Club) မှ အဖွဲ့ဝင်များဖြစ်သော ခွန်လင်းပြည့်လျှံမှ ''ကလေးနှင့် အနုပညာစိတ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုင်းမွမ်းခေးမှ ''လူ့အဖိုးတန် " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစုစန္ဒီထွန်းမှ "ပညာပြည့်ဝနှလုံးလှသော်" ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်အိမြတ်နိုးသူမှ ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ခြုံငုံသုံးသပ်ဆွေးနွေးကာ အသိပညာဗဟုသုတများကို အပြန်အလှန်မျှဝေခဲ့ပြီး စာဖတ်ခြင်းသည် လူ့ဘဝတွင် အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ စာဖတ်ခြင်းက လူတစ်ဦး၏ သိမြင်ချင်စိတ်ဖွံ့ဖြိုးမှု၊ အသိပညာဗဟုသုတများ၊ စိတ်ခံစားမှုတိုးတက်​စေကြောင်းကို  ကျောင်းသားတစ်ဦးထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)