ရန်ကုန် ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းမကြီးပေါ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရှေ့တွင် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရှေ့တွင် ဇလားပုံရေမြောင်းဆောင်ရွက်နေမှု၊ အလှမြက်များ စိုက်ပျိုးနိုင်ရေးနှင့် လူသွားပလက်ဖောင်း ဆောင်ရွက်နေမှုအခြေနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)