မိုင်းယန်းခရိုင် မိုင်းယန်းမြို့၌ MCCT အာဟာရအသိပညာပေးဆင့်ပွားသင်တန်းပေးခြင်း အခမ်းအနား ကျင်းပ

မိုင်းယန်း ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ MCCT အာဟာရအသိပညာပေးဆင့်ပွားသင်တန်းပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အာဟာရအသိပညာပေးခြင်းဆင့်ပွားသင်တန်းပေးခြင်းရည်ရွယ်ချက်နှင့် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးအတွက် နေ့စဉ်စားသုံးသင့်သည့်အစားအစာများ၊  ကိုယ်ခန္ဓာဖွံ့ဖြိုးရေးဆိုင်ရာအဓိကအကြောင်းအရာများဖြင့် အသိပညာပေးဆွေးနွေးပို့ချသည်။ ထို့နောက် မြို့နယ်မိခင်နှင့်ကလေးကျန်းမားရေးဌာန တာဝန်ခံအမျိုးသမီးကျန်းမာရေး ဆရာမဒေါ်ဌေးဌေးခိုင်က အာဟာရအုပ်စုများ၊ အာဟာရအသိပညာပေးခြင်းဆိုင်ရာများဖြင့် ရှင်းလင်းဆွေးနွေးပို့ချရာ တက်ရောက်လာသူများမှ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး