ကာလိ ဇွန် ၁၉
၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ အမှတ်(၁၅၁)ခြေလျင်တပ်ရင်း တပ်ဝန်းအတွင်း ကွန်ဟိန်းမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူး၍ ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် အမှတ်(၁၅၁)ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးဟန်ဝင်းကျော်၊ ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူးဦးကောင်းမြတ်သူနှင့်ဝန်ထမ်းများ၊ ကွန်ဟိန်းမြို့နယ် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၁၅၁)ခြေလျင်တပ်ရင်းမှစစ်သည်များ၊ ရဲမေနှင့်မိသားစုဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စုစုပေါင်း(၂၀၀)ဦးတို့က ကျွန်းပင်(၃၀၀)ပင်နှင့် ရေသင်းဝင်(၃၀၀)ပင် စုစုပေါင်း အပင်(၆၀၀)ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)