လှိုင်သာယာ (အနောက်) ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ မြို့ရွာများ သန့်ရှင်းသာလှပစေရန်အတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အရေးယူနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စုပေါင်းရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အမှာစကားပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသိန်းလွင်မှ စည်းကမ်းမဲ့အမှိုက်များစွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အရေးယူအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်း၊ မြို့ပြပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ မြို့နယ်တာဝန်ခံ ဦးသက်ဦးအောင်မှ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများနှင့် လိုအပ်သည်များကို အသေးစိတ်ဖြည့်စွက်ဆွေးနွေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)