ပြင်ဦးလွင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်‌ပေးခြင်းနှင့် UIDထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ပြင်ဦးလွင် ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက် ဖြင့်  ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁၇)၊ အနီးစခန်း အခြေခံပညာ အထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်ဦးဆောင်၍ ဒု-လ၀ကမှူး ဒေါ်မျိုးမျိုးစိုး နှင့်အဖွဲ့က ကျောင်းသူ/သားများကိုနိုင်ငံသားစိစစ်ရေးကတ်ပြား နိုင်-၃(က) အမျိုးသား ၈၇ဦး၊ အမျိုးသမီး ၁၁၇ဦး၊ စုစုပေါင်း ၂၀၄ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများဆောင်ရွက်သည်။  အလားတူအခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)