မန္တလေး ဇွန် ၁၈
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(၁၁)ရက်မြောက်နေ့ကို ဇွန် ၁၈ ရက် နံနက် ၁၀ နာရီက မန္တလေး အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၆)ရပ်ဖြင့်ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးက မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၅)ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။
အစည်းအဝေးသို့ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့်လေ့လာသူ(၈၉)ဦး၊ စုစုပေါင်း(၁၆၆)ဦး တက်ရောက်သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို (၁၁ နာရီ ၅ မိနစ်တွင် ရပ်နားကြောင်းနှင့် အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ဇွန် ၁၉ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်သည်။
ယနေ့ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးသို့ . ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီကော်မတီဝင်များ၊ ပါတီဝင်များစုစုပေါင်း (၈၉)ဦး လာရောက်လေ့လာခဲ့ကြကြောင်းသိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)