ညောင်ဦးမြို့နယ်၌ မီးဘေးလုံခြုံရေးကွင်းဆင်းဆောင်ရွက်

ညောင်ဦး ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ရွှေလှိုင်းကျေးရွာရှိ “ပိုင်”ထန်းတဲနှင့် “လှိုင်” ထန်းတဲလုပ်ငန်းများ မီးဘေးလုံခြုံရေးအတွက် တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ ဇွန် ၁၈ ရက် နံနက် ၁၀ နာရီက မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှတပ်ကြပ်ကြီး မျိုးချိုဦးဆောင်သော တပ်ဖွဲ့ဝင် ၄ ဦးတို့က မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးခြင်းနှင့်အရေးပေါ်ကိစ္စရပ်များအတွက် မီးသတ်ဦးစီးဌာန၏ 191 Report Application အား လက်ကိုင်ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်ကြ‌စေရေး အသိပညာပေးခြင်းတို့အား ရွှေလှိုင်းကျေးရွာရှိ ပိုင်ထန်းတဲနှင့် လှိုင်ထန်းတဲတို့အားကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း